ကျွန်မသားလေး အယ်လင် မွေးပြီးသည့် မနက်တွင် ဆရာဝန်က ခုတင်ခြေရင်းနားရှိ ထိုင်ခုံတွင် ထိုင်ရင်း ‘‘ကလေးက တစ်ခုခု မှားနေတယ်’’ ဟုပြောပါသည်။ အပြင်ပန်း ကြည့်လျှင် သားလေးသည် ပြီးပြည့်စုံပါသော်လည်း အသက်အန္တရာယ်ရှိသည့် မွေးရာပါ ရောဂါ ပါလာ၍ ချက်ခြင်းခွဲစိတ်မှုခံယူရန်အတွက် မိုင် ၇၀၀ ခန့်ဝေးသော ဆေးရုံသို့ လေယာဉ်ဖြင့် ထွက်ခွာရမည်ဖြစ်သည်။
သင့်ကလေး၌ ရောဂါတစ်စုံတစ်ရာရှိနေပြီဟု ဆရာဝန်က ပြောသောအခါ သင့်ဘ၀ကြီးပါ ပြောင်းလဲသွား သည်။ ကြိုမမြင်ရသောအရာကို စိုးရိမ်ကြောက်ရွံ့နေခြင်းက စိတ်နှလုံးကို ကြေမွစေပြီး လူကို ပြိုလဲသွားစေသည်။ ထို့ပြင် ကလေးကို ပြုစုနိုင်အောင် မိမိကို ခွန်အားပေးမည့် ဘုရားသခင်ကို အသည်းအသန် ရှာပါတော့သည်။
ချစ်ခြင်းမေတ္တာရှင်ဘုရားက ဤအဖြစ်မျိုးကို ခွင့်ပြု သည်လား၊ ကျွန်မကလေးကိုရော ဂရုစိုက်ပါရဲ့လား၊ ကိုယ်တော် ရှိပါသလား စသည်ဖြင့် ဟိုရောက်ဒီရောက် အတွေးများက ထိုမနက်တွင်…